မင်္ဂလာဒုံမြို့နယ်ရှိ အမှတ်(၁၁) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (COVID-19 Pfizer JN-1)ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်

မင်္ဂလာဒုံ ဇူလိုင် ၆

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၁၁) တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ(ခုတင်-၃၀၀)၌ တပ်မတော်စစ်သည်အရာရှိများနှင့် ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (COVID-19 Pfizer JN-1) ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းတို့ကို ဇူလိုင် ၄ ရက်နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် “လူတိုင်းသက်တမ်း‌စေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် လူတိုင်းရောဂါဘယကင်းရှင်းရေး”ဆိုသည့် ကျန်းမာရေးဝန်ကြီးဌာန၏ ရည်မှန်းချက်(၂)ရပ်နှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဒေါ်ဝင်းဝင်းမာ ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများအဖွဲ့သည် တပ်မတော်စစ်သည်အရာရှိများနှင့် ကျန်းမာရေးဝန်ထမ်းများအား သွေးတိုး၊ ဆီးချို ရှိ/မရှိ စစ်ဆေး‌ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ COVID-19 ကာကွယ်ဆေး (Pfizer JN-1) ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ ကျန်းမာ‌ရေးအသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ အသက် ၁၈ နှစ် ပြည့်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမှ ထိုးနှံခဲ့ခြင်းမရှိသူများနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး ခြောက်လပြည့်ပြီးသူများအား Pfizer COVID-19 JN-1 ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများအား ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မင်းသိန်းထွန်း