ဒေးဒရဲမြို့၌ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့်ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းများဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မွေးကင်းစမှ အသက်(၁)နှစ်ခွဲအောက် ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်လုပ်ငန်းများဆောင်ရွက်ခြင်းကို  ယမန်နေ့နံနက်(၈)နာရီကစတင်၍ သက်ဆိုင်ရာ ကာကွယ်ဆေးထိုးစုရပ်များတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့(အကြို) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် သမိုင်းဝင်ကျိုက္ကစံဆံတော်ရှင်စေတီတော်မြတ်ကြီးတွင် ၃-၇-၂၀၂၅ ရက်နေ့တွင် ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၈-၆-၂၀၂၅ ရက်နေ့နံနက်ပိုင်းက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့သည်။

ကန့်ဘလူမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

၂၀၂၅ ခုနှစ် ဇူလိုင် ၃ ရက်နေ့တွင်ကျရောက်မည့် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အထက်တန်းဆင့် စာစီစာကုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကန့်ဘလူခရိုင် စုပေါင်းရုံး ရွှေဆည်မြိုင်ခန်းမ၌ ကျင်းပသည်။

မုံရွာမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေးဟောပြောပွဲကျင်းပ

မုံရွာခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူးကျင်းပသော မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက မုံရွာမြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း သလ္လာဝတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လေးနွယ်က အမှာစကားပြောကြားသည်။

တမူးမြို့တွင်(၇၈)နှစ်မြောက် အာဇာနည်‌နေ့အထိမ်းအမှတ်  စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်း အမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ယနေ့နံနက်(၉)နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးတွင် ဇွန် (၃၀)ရက်နေ့ နေ့လယ်ပိုင်းက အခွန်ဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ အခွန်ဆိုင်ရာ ပညာပေးရှင်းလင်းပွဲကျင်းပသည်။

ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက်တွင် ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် လမ်းမတော်မြောက်ရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ စားအုန်းဆီနှင့် ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။

ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဇွန်လ ၃၀ ရက်နေ့မှ စ၍ အသက် ၁၂ နှစ်နှင့်အထက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူလူထုအား COMIRNADY JN 1/ Gray cap (Pfizer 6 dosages) အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်‌‌နေမှုများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များ လမ်းညွှန်မှာကြား

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့ရှိ ကော့သောင်းခရိုင်နှင့်မြို့နယ်တရားရုံးသစ် အဆောက်အဦ တည်ဆောက်သည့် လုပ်ငန်းအဆောက်အဦနှင့် ခရိုင်နှင့်မြို့နယ်ဥပဒေရုံးသစ်ဆောက်လုပ်မည့် လုပ်ငန်းနေရာများသို့ ယနေ့နံနက် (၁၀) နာရီခန့်က သွားရောက်ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ (အမျိုးသား/ အမျိုးသမီး) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီ က  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပသည်။
Subscribe to