ပေါင်းတည်၌ မြို့နယ်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့် အသစ်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

ပေါင်းတည် ဇူလိုင် ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီက မြို့နယ် ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်ခြင်းနှင့်  အသင်းအမှုဆောင်များ ပြန်လည်ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနားကို မြို့နယ် စားသုံးသူရေးရာဦးစီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဦးစီးမှူး ဦးနိုင်ဝင်းသိန်းက ယခင်အသင်းဖွဲ့စည်းမှုအမည်စာရင်းကို‌ ကြေညာခြင်း၊ အသစ်ပြန်လည်ရွေးချယ်နိုင်ရန်အတွက် အသင်းသားများက အမည်စာရင်းတင်သွင်းခြင်း၊ ထောက်ခံခြင်း၊ ရွေးချယ်ခြင်းနှင့်အတည်ပြုကြေညာခြင်းများကို အသင်းအဖွဲ့အစည်းအခြေခံစည်းမျဉ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

‌ရွှေသား