ဆီဆိုင် ဇူလိုင် ၁
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းရှိ ယုဇနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဦးရဲဝေအောင်နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်များဖြစ်သော ငလျင်ဘေးအကြောင်းနှင့် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်လှုပ်နေစဉ်လိုက်နာရန်နှင့် ရှောင်းရှားသင့်သည့်အချက်များ၊ မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူများအား ငလျင်းဘေးနှင့် မိုးကြိုးဘေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)