ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများ ကျင်းပ

ပခုက္ကူ ဇူလိုင် ၁

ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ဆောင်းပါးပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပသည်။

အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်ရှိ ဘာသာရပ်အသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၄၅ ဦး၊ ဆရာ၊ ဆရာမ ၁၇ ဦး၊ စုစုပေါင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ပြိုင်ပွဲခေါင်းစဉ်မှာ “မော်ကွန်းတင်သည် အာဇာနည်”နှင့် “လေးမြတ်ဂုဏ်ရည် အာဇာနည်”၊ တို့ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိပိုင်ဆိုင်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းလှုပ်ရှားဆောင်ရွက်ခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်များအား တန်ဖိုးထား လေးစားမြတ်နိုးတတ်စေရန်၊ ပြည်ထောင်စုကြီးအတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုတိုင်း၏ စာပေ၊ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းအစဉ်အလာများအား တန်ဖိုးထား ထိန်းသိမ်းကာကွယ်စောင့်ရှောက်တတ်စေရန်၊ မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ထာဝရစဉ်ရှင်သန်ထက်မြက်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း၊  ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လလ ၁၉ ရက် (၇၈)နှစ်မြောက် အာဇာနည်နေ့တွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်ထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)