ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲတီစိမ်းနှင့်ကုလားပဲ  (၃၂၅၇၈) ဧက စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂) တင်း ထွက်ရှိ

ကျောက်ဆည် ဇူလိုင် ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်းပဲသီးနှံများဖြစ်သည့် ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီး၊ ပဲကြား၊ ထောပတ်ပဲနှင့် အခြားပဲမျိုး စုစုပေါင်း (၅၅၈၃၆) ဧက  စိုက်ပျိုးခဲ့ပြီး (၃၅၉၈၂)တင်း ထွက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။

ပဲသီးနှံမျိုးများ စိုက်ပျိုးရာ၌ ရေဆင်း-၁၁ ပဲတီစိမ်းသီးနှံ (၂၄၈၀) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၆.၃၅) တင်း၊ ရေဆင်း-၃ ကုလားပဲသီးနှံ (၃၀၀၉၈) ဧက စိုက်ပျိုးနိုင်ခဲ့ပြီး တစ်ဧကပျမ်းမျှအထွက်နှုန်း (၁၈.၅၀)တင်း ထွက်ရှိကြောင်းနှင့် စုစုပေါင်းပဲမျိုးစုံ (၂၀၄၉) ရိတ်သိမ်းနိုင်ခဲ့ပြီး အထွက်နှုန်းအနေဖြင့် (၃၅၉၈၂) တင်း ထွက်ရှိကြောင်း သိရှိရပြီး ပဲသီးနှံများ အောင်မြင်ဖြစ်ထွန်းရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်း၍ ဒေသနှင့်ကိုက်ညီသည့်မျိုးများ ဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များ စနစ်တကျကူညီပေးခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)