ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မြန်မာအမျိုးသမီးများနေ့အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

မြန်မာအမျိုးသမီးများနေ့အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဒိမ်ခန့်လွင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ ၊ ပြည်နယ်ဥပဒေချုပ်နှင့် ၎င်းတို့၏ ဇနီးများ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် မြန်မာအမျိုးသမီးရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများရှိ ဆုရရှိသူများ တက်ရောက်ကြသည်။

အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင်ကြားရှင်းလင်းရွတ်ဖတ်လေ့ကျင့်ပေးခြင်း ဆောင်ရွက်

အလုံမြို့နယ်၌ အသိပညာပေးကဗျာများအား သင်ကြားရှင်းလင်းရွတ်ဖတ်လေ့ကျင့်ပေးခြင်းကို ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းက အခြေခံပညာကျောင်းများတွင် ဆောင်ရွက်ခဲ့သည်။

ကျောင်းကုန်းမြို့၌ Rs to Cs မျိုးသန့် မျိုးစေ့ထုတ် စိုက်ပျိုးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ တောင်သူဦးရဲရင့်အောင်၊ ကွင်းအမှတ် ၃၈၄ C၊ ဦးပိုင်အမှတ် ၁၀/၁၊ စိုက်ဧက ၇.၀၀ တွင်(ဆင်းသုခ) Rs to Cs မျိုးသန့်မျိုး စေ့ထုတ် စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၈း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

ဗိုလ်တထောင်ခရိုင်ရုံးဖွင့်လှစ်ခြင်း သုံးနှစ်ပြည့်အထိမ်းအမှတ် ဝါဆိုသင်္ကန်းဆက်ကပ်၊ အန္တရာယ်ကင်းပရိတ်ရွတ်

ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်ခြင်း သုံးနှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်းနှင့် အန္တရာယ်ကင်းပရိတ်များ ရွတ်ဖတ်သရဇ္ဈယ်ခြင်းကို ဇူလိုင် ၁ ရက် နံနက် ၆ နာရီက ခရိုင်ရုံးတည်ရှိရာ သာကေတမြို့နယ်ရှိ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။

ကန့်ဘလူမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်မြို့ Polytechnic University တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်မြို့ Polytechnic University (ကွန်ပျူတာမဟာဌာန) ဧရိယာအတွင်း မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် တိုင်းဒေသကြီး၏ ဆဋ္ဌမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တက်ရောက်ပြီး ဝန်ကြီးချုပ်ဦးဆောင်၍ မိုးရာသီသစ်ပင်များကို တက်ရောက်လာကြသူများနှင့်အတူ တစ်ပျော်တစ်ပါး စိုက်ပျိုးပေးကြသည်။

တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည် ဉာဏ်သွေးမြင့်မားစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အထွေထွေဗဟုသုတ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နေ့လယ် (၁) နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အိမ်မဲမြို့နယ်တွင် ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာတွင် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျင် ဆီဝယ်စာအုပ် (၁) အုပ် ပြုလုပ်ပေးထားပြီး ရပ်ကွက်/ ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင် အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ် (၁) အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ (၃၃၀) ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က ဆက်လက်ချေးပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ခြောက်အုပ်စုမှတောင်သူပေါင်း ၅၀၉ ဦးနှင့်စပါး ၁၆၁၀ ဧကအတွက် စုစုပေါင်းငွေ ကျပ် ၂၄၁ ဒသမ ၅၀ သန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
Subscribe to