ပေါက်ခေါင်းမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား စပါးမျိုးစေ့ချစက် (Drum Seeder) ပေးအပ်ပွဲကျင်းပ

ပေါက်ခေါင်း ဇူလိုင် ၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် (၁၀၃) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့မှ ပူးပေါင်း၍ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးသည့် အသင်းသားတောင်သူများအား စပါးမျိုးစေ့ချစက် (Drum Seeder) ပေးအပ်ပွဲကို ယမန်နေ့နံနက်ပိုင်းက လေးကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ပွဲတွင် ပေါက်ခေါင်းမြို့နယ် သမဝါယမဦးစီးအရာရှိနှင့် အသင်းစုဥက္ကဋ္ဌတို့က လေးကြီးကျေးရွာ (နေခြည်သစ်စိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်း) ၏ ယခုနှစ်မိုးစပါးစိုက်ပျိုးမည့် အသင်းသား တောင်သူများအား မျိုးစေ့ချစက် (Drum Seeder) အား ပေးအပ်ခဲ့ပြီး ယင်းပေးအပ်ပွဲသို့ မြို့နယ်သမဝါယမဦးစီးဌာနမှ ဝန်ထမ်းများ၊ သမဝါယမအသင်းစုမှ ဝန်ထမ်းများနှင့် လေးကြီးကျေးရွာမှ အသင်းသားတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖုန်းကျော်ဇင် (ပြန်/ဆက်)