တာလေမြို့၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနား ကျင်းပ

တာလေ ဇူလိုင် ၃

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့တွင် အိမ်ထောင်စုလူဦးရေးစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က မိုင်းလင်း(အနောက်)ကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာရှိ ကုန်းဆာကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် တာချီလိတ်မြို့နယ်၊ တာလေမြို့ ပြည်သူ့အင်အားနှင့်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးအောင်လှိုင်ဌေးနှင့် တာဝန်ရှိသူများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုအတွင်း ကျေးရွာသူ/ကျေးရွာသား စုစုပေါင်း (၉၂)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားလာရောက် ထုတ်ယူကြသည့်ပြည်သူများအား တာလေမြို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဦးစီးဌာနမှဝန်ထမ်းများက Biometric Data (UID)ကဒ်များကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)