အိမ်မဲ ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဆိတ်ချေးကုန်းကျေးရွာတွင် မြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ခြောက်တန်းသွားကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဆိတ်ချေးကုန်းကျေးရွာ တောင်သူဦးထွန်း၏ လယ်ကွင်းအမှတ် ၃၅/ခ ကွင်းဦးပိုင်အမှတ် ၃၁/၂ တွင် KUBOTA 6 ROWS စက်ဖြင့် စပါးစိုက်ပျိုးရာ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှူး ဦးခင်မောင်မျိုးက အဆိုပါစက်ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိနိုင်မည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ပြီး အခမ်းအနားသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက် မြင့်မားရေးအဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ KUBOTA ခြောက်တန်းသွားကောက်စိုက်စက်သည် ပင်ကြား ၄ လက်မ မှ ၆ လက်မ၊ တန်းကြား ၁၁လက်မရှိပြီး ယင်းစက်ဖြင့်စိုက်ပျိုးခြင်းကြောင့် လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှုနည်းပါး ခြင်း၊ ပျိုးထောင်ဧရိယာအနည်းငယ်သာလိုအပ်ခြင်း၊ ပျိုးပင်များပြုပြင်ထိန်းသိမ်းမှုလွယ်ကူစိတ်ချရ ခြင်း၊ ပျိုးပင်များနှုတ်ယူရန်မလိုအပ်ခြင်း၊ ပင်ကြားတန်းကြားမှန်၍ လေဝင်လေထွက်ကောင်းခြင်းကြောင့် ရောဂါပိုးမွှားကျရောက်မှုနည်းပါးခြင်း၊ စပါးအရည်အသွေးနှင့် အထွက်နှုန်းကောင်းမွန်ခြင်း အစရှိသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။
ချစ်သက်လယ် (ပြန်/ဆက်)