ကန့်ဘလူမြို့၌ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုး

ကန့်ဘလူ ဇူလိုင် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်က ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ခရိုင်အမျိုးသမီးရေးရာကြီးကြပ်မှု အဖွဲ့ဝင်များ၊ ကန့်ဘလူမြို့နယ် အမျိုးသမီးရောရာအဖွဲ့ဝင်များ၊ ကျွန်းလှမြို့နယ် အမျိုးသမီးရောရာအဖွဲ့ဝက်များက ကျွန်းပင် ၁၀၀၊ တမာပင် ၁၀၀ စုစုပေါင်း ၂၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့ကြောင်းနှင့် အဆိုပါသစ်ပင်များအား ကန့်ဘလူမြို့နယ်သစ်တောဦးစီးဌာနမှ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ပြန်/ဆက်)