ကျောင်းကုန်း ဇူလိုင် ၃
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဇရပ်ကွင်းအုပ်စု၊ ဇရပ်ကွင်းကျေးရွာ တောင်သူဦးရဲရင့်အောင်၊ ကွင်းအမှတ် ၃၈၄ C၊ ဦးပိုင်အမှတ် ၁၀/၁၊ စိုက်ဧက ၇.၀၀ တွင်(ဆင်းသုခ) Rs to Cs မျိုးသန့်မျိုး စေ့ထုတ်စိုက်ပျိုးခြင်းအခမ်းအနားကို ယနေ့နံနက် ၈း၃၀ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။
တစ်ဧကလျှင် စပါး(၁၃)တင်းနှူန်းအထွက်တိုးဖို့ဆိုလျှင် မျိုးကောင်းမျိုးသန့်ကိုရွေးချယ် စိုက်ပျိုးသင့်ကြောင်း၊ ပျိုးဘောင်စနစ်ဖြင့် ပျိုးထောင်ထားပြီး ကောက်စိုက်စက်ဖြင့်စိုက်ပျိုးပါက အထွက်နှူန်းကောင်းမည်ဖြစ်ကြောင်း၊ ကြဲခင်းများ အလွယ်လုပ်ပါက အထွက်နှူန်းမကောင်းနိုင်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေးဆွေးနွေးခဲ့သည်။
အဆိုပါ မျိုးသန့်မျိုးစေ့ထုတ် စိုက်ပျိုးခြင်းအခမ်းအနားသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိုင်းရှိန်းလင်းထွန်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)