ကန့်ဘလူ ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်တွင် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ယမန်နေ့က ဆက်လက်ချေးပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ အုပ်စုပေါင်း ခြောက်အုပ်စုမှတောင်သူပေါင်း ၅၀၉ ဦးနှင့်စပါး ၁၆၁၀ ဧကအတွက် စုစုပေါင်းငွေ ကျပ် ၂၄၁ ဒသမ ၅၀ သန်းကို ထုတ်ချေးပြီးဖြစ်ကြောင်း ခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။
ကန့်ဘလူခရိုင်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများကို ယခင်နှစ် ၂၀၂၄ မိုးချေးငွေ အကျေပေးပြီးသူ တောင်သူများကိုသာ ဦးစွာထုတ်ချေးပေးလျက်ရှိပြီး ချေးငွေထုတ်ချေးပေးနေစဥ်ကာလအတွင်း လာရောက်ပေးဆပ်သူ တောင်သူများ၏ချေး ငွေပေးဆပ်မှုများကို လက်ခံ၍ အသစ်တစ်ဖန် ပြန်လည်ထုတ်ပေးလျက်ရှိသည်။
၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးရန်လျာထားချက်ရှိသည်မှာ မိုးစပါးတစ်ဧကလျှင် ငွေကျပ် ၁၅၀၀၀၀ နှုန်းဖြင့် ထုတ်လျေးပေးခြင်းဖြစ်ကြောင်း မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသည့် ကျေးရွာများမှ တောင်သူများကိုလည်း သတ်မှတ်ကာလအတွင်း ဆက်လက်ထုတ်ချေးပေးမည်ဖြစ်ကြောင်း ကန့်ဘလူခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်မှ မန်နေဂျာ ဒေါ်စန်းစန်းအေးက ပြောသည်။
အောင်ဝင်းငြိမ်း(ပြန်/ဆက်)