ကျိုက်ထိုမြို့နယ်တွင် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်အစိုးရ အဖွဲ့၏ပံ့ပိုးမှု၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနလမ်းညွှန်မှု၊ ဟိုတယ်နှင့်ခရီးသွားလာရေး ညွှန်ကြားမှုဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ဟိုတယ်ဆိုင်ရာ အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက Golden Bliss Hotel ၌ ကျင်းပပြုလုပ်ခဲ့သည်။