တောင်ကြီးမြို့ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်တွင် (၅)ရက်တိုင်တိုင် ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်၍ ပဋ္ဌာန်းသိမ်းအောင်ပွဲ ကျင်းပ
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကျက်သရေဆောင် ရွှေဘုန်းပွင့်စေတီတော်မြတ်ကြီးတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ (၅)ရက်တိုင်တိုင်ကျင်းပခဲ့သည့် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ အောင်မြင်ပြီးမြောက်ခြင်း ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယမန်နေ့နံနက် (၆)နာရီက အဆိုပါစေတီတော်မြတ်ကြီး ပရိဝုဏ်ရှိ ဓမ္မာရုံ၌ ကျင်းပခဲ့သည်။