နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီနယ်မြေအတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်း ဥတ္တရသီရိမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးရေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်း ရာသီပြည့်သီးနှံစိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

မင်္ဂလာဒုံမြို့နယ် ဌာနဆိုင်ရာရုံးများနှင့် ဈေးများ၌ အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရန် အမှိုက်ပုံးများထားရှိ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ မြို့နယ်အတွင်း သန့်ရှင်းသာယာရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်နိုင်ရန်၊ အမှိုက်သိမ်းဆည်းမှု လွယ် ကူစေရန်အတွက် အမှိုက်ပုံးများ အရောင်ခွဲခြားထားရှိပြီး အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်နိုင်ရန် အမှိုက်ပုံးများ ထားရှိဆောင်ရွက်ခြင်းကို မြို့နယ်ဌာနဆိုင်ရာ ရုံးများနှင့် ဈေးများ၌ စတင်ဆောင်ရွက်လျက်ရှိသည်။

ရေနံချောင်းတက္ကသိုလ်၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန် နေ့နံနက် ၁၀ နာရီက ပတ္တမြားခန်းမ၌ ကျင်းပသည်။

သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်များအနက် ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ငဖဲမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မန်းတမံရေပိုလွှဲမှ ၃.၄၀ ပေ ရေကျော်စီးဆင်းလျက်ရှိ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ မန်းချောင်းရေလှောင်တမံတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့ ညနေ ၅ နာရီအချိန် တိုင်းတာချက်အရ မန်းချောင်းရေလှောင်တမံ အမြင့် ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေရှိရာမှ ၆၂၈.၄၀ ပေသို့ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၃.၄၀ ပေအမြင့်အဖြစ် တမံရေပိုလွှဲမှ ရေကျော်စီးဆင်းလျက်ရှိကြောင်း ငဖဲမြို့နယ်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကျောင်းပြင်ပပညာရေးလုပ်ငန်း တာဝန်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာနနှင့် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းပြင်ပပညာရေး လုပ်ငန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ ပညာ့ဗိမာန်ခန်းမ၌ကျင်းပရာ ရှေးဦးစွာကျောင်းသား/သူများက “စေတနာပန်းတို့လန်းရာမြေ”သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာ‌ပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်ပြပွဲနှင့် နံရံကပ်စာ‌စောင်ပြပွဲကျင်းပ

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းကော်မတီ၏ ကလေးသူငယ်အခွင့်အ‌ရေးများဆိုင်ရာ ဥပဒေအသိပညာပေးဟောပြောပွဲ၊ လက်ကမ်းစာစောင်​ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲအခမ်းအနားကို မိုင်းဆတ်မြို့ အခြေခံပညာအထက်တန်းကျောင်း အ.ထ.ကခွဲ၊ အ.လ.က(၂)၌ ယမန်နေ့နေ့လယ် ၁ နာရီက  ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီအစဉ် C.T.M.E အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီစဉ် C.T.M.E အခမ်းအနားကို ယနေ့မွန်းလွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

တာချီလိတ်မြို့၌ မီးဘေးသင့်အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီက  ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to