ရေတာရှည် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံ၌ တိုင်းရင်းဆေးပညာ စဉ်ဆက်မပြတ်ပညာပေးရေးအစီစဉ် C.T.M.E အခမ်းအနားကို ယနေ့မွန်းလွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ အငြိမ်းစားတိုင်းရင်းဆေးခန်းမှူး ဒေါ်မေနှင်းမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်ကေသီမွန်မှ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း စာတမ်းဖတ်ကြား တင်ပြခဲ့သည်။
ထို့နောက် အဆိုပါစာတမ်းအား မြို့နယ်အသီးသီးမှ တက်ရောက်လာသော တိုင်းရင်းဆေးခန်းမှူးများမှ ဝမ်းပျက်ဝမ်းလျှောရောဂါကုသပုံအမျိုးမျိုး၊ ရောဂါရှာဖွေနည်းများ၊ ကုသရာတွင်သုံးစွဲသော ဆေးအမည်များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)