သာကေတမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ငလျင်၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

သာကေတ ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရယ်များအနက် ငလျင်ဘေးအန္တရာယ်သည် ကြိုတင်ခန့်မှန်း၍ မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှုများသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ပြီး ငလျင်ဘေးဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်မည်ကို သိရှိလိုက်နာဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် ငလျင်အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်၍ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူမှ အဖွင့်အမှာစကားပြောကြားပြီး၊ သာကေတမြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးမင်းမင်းက ငလျင်သဘာဝ ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ စာသင်ကျောင်းများတွင် ပညာလေ့လာဆည်းပူးနေသော ကျောင်းသား/ ကျောင်းသူများအနေဖြင့် ငလျင်ဘေးအန္တရာယ်ကျရောက်ချိန်တွင် မည်သို့ တုံ့ပြန်ဆောင် ရွက်ရမည်ကိုသိရှိထားရန် လိုအပ်သကဲ့သို့ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင်ဒုတိယမီးသတ်ဦးစီးမှူး ဦးနေဝင်းထွန်းက ငလျင်၊ သဘာဝဘေးအန္တရာယ်အကြောင်းအား power point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ မီးငြိမ်းသတ်ရေးနှင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး အခမ်းအနားကို ရုတ်သိမ်းကာ မှတ်တမ်းတင်ဓာတ်ပုံ (Group photo) ရိုက်ကူးခဲ့ကြောင်း သိရသည်။

သဲထက်ဇင်