တာချီလိတ်မြို့၌ မီးဘေးသင့်အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများထောက်ပံ့ပေးအပ်

တာချီလိတ် ဇူလိုင် ၉

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ မီးဘေးသင့်ခဲ့သည့် အိမ်ထောင်တစ်စုအတွက် ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၁၁ နာရီက  ခရိုင်/မြို့နယ် စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးက အဖွင့်အမှာစကားပြောကြားပြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန့်ပေါ်လင်းက ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမျိုးနှင့် တာဝန်ရှိသူများက ဇူလိုင် ၂ ရက်နေ့ မကာဟိုခမ်းရပ်ကွက်၊ ယာမြေကုန်း၌ ဖြစ်ပွားခဲ့သည့် မီးဘေးသင့်နေအိမ်အတွက် ငွေကျပ် ၁၅၇၃၃၈ တန်းဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း  (၁၆) မျိုးနှင့် အိမ်ဆောက်ပစ္စည်းအတွက် ထောက်ပံ့ငွေ ၂၀၀၀၀၀   ကျပ်၊ အိမ်ထောင်စု ၁ စု၊ မိသားစု ၅ ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ ၂၂၅၀၀ ကျပ်၊ စုစုပေါင်း ၂၂၅၀၀၀ ကျပ်ကို မီးဘေးသင့်ပြည်သူ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျာလင်း