သီတဂူကေတုမတီဗုဒ္ဓတက္ကသိုလ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေး

ပဲခူးတိုင်းဒေသကြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေး နေ့စဥ်အခမဲ့ ထိုးနှံပေးလျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်ပိုင်းက သီတဂူကေတုမတီ ဗုဒ္ဓတက္ကသိုလ်ရှိ သံဃာတော်အရှင်မြတ်များအား သွားရောက်ထိုးနှံပေးသည်။

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာမြို့ပေါ်ရှိ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ ချင်းတွင်းမြစ် အိုးဘိုတောင် ၁၀ ပေါက်တွဲရေတံခါးရှင်းလင်းဆောင်သို့ ရောက်ရှိရာ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း)မှ ညွှန်ကြားရေးမှူးက ချင်းတွင်းမြစ် ရေဘေးကာကွယ်ရေး တာတမံရှိ ရေသွင်း/ရေထုတ်တံခါးများ ကြံ့ခိုင်မှုများ ဆောင်ရွက်ထားရှိမှု၊ ချင်းတွင်းမြစ်ရိုး တစ်လျှောက်ရေထိန်းတာဘောင်များ ဘဏ္ဍာနှစ်အလိုက် ကြံ့ခိုင်မှုလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများနှင့် အင်း/အိုင်များအတွင်း ရေဝင်ရောက်မှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်း တောင်ကြီးမြို့နယ်၊ ကျောက်နီမွေးမြူရေးဇုန်တွင် မွေးမြူရေးဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ကွန်လုံကျေးရွာအုပ်စုအတွင်းရှိ ကျောက်နီမွေးမြူရေးဇုန်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ယမန်နေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုတတ်သော အလေ့ အထကောင်းများ ဖြစ်ပေါ်လာစေရန်အတွက် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ငဖဲမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်း ၁၂၈၉၁ ဧက စိုက်ပျိုးပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံဆည်၊ ရင်းရှည်ဆည်နှင့် ဆည်ငယ်ကန်ငယ်တို့မှ ပို့လွှတ်သောရေတို့ဖြင့် ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် မိုးသီးနှံနှမ်း ၁၂၃၉၃ ဧက စိုက်ပျိုးရန်လျာထားခဲ့ရာ ယနေ့ထိ ၁၂၈၉၁ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်၍ လျာထားချက်ထက် ၄၉၈ ဧက ပိုမိုကျော်လွန်စိုက်ပျိုးနိုင်ခဲ့ကြောင်းနှင့် နှမ်းသီးနှံများအောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ငဖဲမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

အဓိကသီးနှံ (၁၀) မျိုး ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေး ဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ယနေ့ မွန်းလွဲ ၁ နာရီက အဓိကသီးနှံ (၁၀)မျိုး ပန်းတိုင်အထွက်နှုန်း ရရှိစေ‌ရေး နည်းပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီး တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ထားဝယ်မြို့၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက်ဖွဲ့စည်းခြင်း အခမ်းအနားပြုလုပ်

မွန်ပြည်နယ်၊ မုဒုံမြို့တွင် ဆန်စက်လုပ်ငန်းရှင်များအသင်း ရွေးကောက်တင်မြှောက် ဖွဲ့စည်းခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်မြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ အသိပညာပေးဟောပြောပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်း ကော်မတီ၏ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေအသိပညာပေး ဟောပြောပွဲကို ယနေ့ ညနေ ၃ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၂)တွင် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းအခမ်းအနားကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အ.ထ.က(၁၂)တွင် အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်ခြင်းအခမ်းအနားကျင်းပ လှိုင်သာယာ(အနောက်ပိုင်း)၊‌ ဇူလိုင် ၈ ဦးမြင့်ဇော်(ပြန်/ဆက်)
Subscribe to