မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် (အောင်နိုင်တိုး) မျိုးသန့်ပွား စိုက်ခင်းတောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးပေးသည့် ဓာတ်မြေဩဇာများ ပေးအပ်ခြင်းနှင့် (အောင်နိုင်တိုး) မျိုးသန့်ပွားစိုက်ခင်းတောင်သူပညာပေး ကွင်းသရုပ်ပြစိုက်ပျိုးပွဲကို ယနေ့ နေ့လယ် ၁ နာရီခွဲက မယ်နင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့၌ စပါးမျိုးစေ့ချစက် (Paddy Seedling Machine) ဖြင့် ပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ငါးကြီးဂရက် ကျေးရွာအုပ်စု၊ ငါးကြီးဂရက် ကျေးရွာရှိ ဦးပိုင်အမှတ် ၄၃/၁၊ ကွင်းအမှတ် ၇၅၄ ၊ တောင်သူဦးချစ်တင်၏ စိုက်ပျိုးမြေ (၃)ဧကတွင် ဆင်းသုခစပါးမျိုးအား ယနေ့နံနက် (၁၀)နာရီကအမှတ်(၁၉) စက်မှုလယ်ယာစခန်း မအူပင်မြို့မှ စပါးမျိုးစေ့ချစက် (Paddy Seedling Machine) ဖြင့် ပျိုးထောင်ခြင်းနှင့် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်းတည်၌ စာဖတ်ရှိန်မြင့်တင်ရေး ဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီ၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာဖတ်ရှိန်မြှင့်တင်‌ရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲက မင်းကွက်( ၁)ရပ်ကွက်၊ အရှေ့လမ်း၊ အ-မ-က တွင် နယ်လှည့်ကွင်းဆင်း‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ပေါင်မြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ပစ္စည်းများပေးအပ်

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ မီးဘေးသင့်ပြည်သူများအား ပစ္စည်းများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းထက်ထက်ဟန်နှင့် တာဝန်ရှိသူများက သဲကုန်းကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်စဥ်ကြောင့် ပျက်စီးခဲ့သည့် လူနေအိမ်(၃)လုံးအား ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဗဟန်းလူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ယနေ့ မွန်းလွဲ ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲနှင့် ပုံပြင်ပြော၊ ကဗျာရွတ်၊ ပန်းချီ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ရာ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်၊ စာရေးဆရာမ ပေါက် ပေါက်၊ ဗဟန်းမြို့နယ် အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် အ.မ.က (၁၂) ဗဟန်းမှ တာဝန်ခံဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုသမှု ခံယူလျက်ရှိသည့် နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား အာဟာရပြည့်အချိုရည်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပြည်သူ့ဆေးရုံကြီး၌ အခမဲ့ခွဲစိတ်ကုသမှုခံယူလျက်ရှိသည့် ဒေသခံပြည်သူနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများအား ယမန်နေ့ ပြည်နယ်၊ ခရိုင် မိခင်နှင့်ကလေးစောင့်‌ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့်တာဝန်ရှိသူများက အာဟာရပြည့် အချိုရည်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

မကွေးတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မကွေးတက္ကသိုလ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (၇၈)နှစ်မြောက်အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် စာစီစာကုံး၊ ဆောင်းပါဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မကွေးတက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မကွေးတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ရုံးဌာနခွဲအကြီးအကဲများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၇၀၀) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်တက္ကသိုလ် ဖွင့်လှစ်ရန် ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

အကြမ်းဖက်သောင်းကျန်းသူများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လွိုင်ကော်တက္ကသိုလ်အား ယခုပညာသင်နှစ်တွင် ပြန်လည်ဖွင့်လှစ်ပညာသင်ကြားပေးနိုင်ရေးအတွက် တက္ကသိုလ်အဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လွိုင်ကော်တက္ကသိုလ် ပရဝဏ်အတွင်းရှိ အဆောက်အအုံများ ပြန်လည်ပြုပြင်မွမ်းမံနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)တွင် (၁၃) ကြိမ်မြောက် မျက်စိဝေဒနာရှင်များအား အခမဲ့ကုသပေးလျက်ရှိရာ ၁၇၀၀ ဦးခန့် လာရောက်ပြသ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ သီတဂူဗုဒ္ဓတက္ကသိုလ်(ရန်ကုန်)၏ သီတဂူစက္ခုဒါနအဆင့်မြင့် ဆေးရုံကြီးတွင် အနယ်နယ်အရပ်ရပ်မှ မျက်စိဝေဒနာရှင်များအား (အခမဲ့)ကုသပေးလျက်ရှိရာ ယခု(၁၃)ကြိမ်မြောက်အဖြစ် ၁၇၀၀ ဦးခန့် လာရောက်ပြသခဲ့ကြောင်း သိရသည်။

မုဒုံမြို့နယ်တွင် မိုးစပါးစိုက်ဧက ၅၀၀၀၀ ကျော် စိုက်ပျိုးပြီးစီး

မွန်ပြည်နယ် မုဒုံမြို့တွင် စပါးအထွက်နှုန်း တိုးတက်မြင့်မားစေရေးအတွက် ဆည်ရေသောက်နှင့် ချောင်းပိတ်မြောင်းပိတ်စနစ်ဖြင့် ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ယခုအခါ မိုးစပါးစိုက်ဧက ၅၀၄၉၃ ဧကကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
Subscribe to