မုံရွာ ဇူလိုင် ၁၁
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက ကွန်ပျူတာ တက္ကသိုလ်(မုံရွာ) ကျောင်းဝန်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာအနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ်ဗိုလ်မှူးချုပ် ကျော်စွာဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်ချို၊ ကွန်ပျူတာတက္ကသိုလ် (မုံရွာ) ပါမောက္ခချုပ် ဒေါက်တာစိုးစိုးခိုင်၊ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ယင်းမာပင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုလှိုင်နှင့်အဖွဲ့ဝင်များ၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်မှပြည်သူများ၊ အောင်ဇေယျ မြို့သစ်အခြေခံပညာကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ၊ မုံရွာ/ယင်းမာပင်ခရိုင် သစ်တောဦးစီးဌာနနှင့် ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ စုစုပေါင်း အင်အား ၄၅၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး သတ်မှတ်နေရာများတွင် ခရေ ၇၀ ပင်၊ ရေတမာ ၅၀ ပင်၊ တမာ ၁၅၀ ပင်၊ မယ်ဇလီ ၁၅၀ ပင်၊ ကုက္ကိုလ် ၁၃၀ ပင် နှင့် ဗန်ဒါ ၅၀ ပင် စုစုပေါင်းပျိုးပင် ၆၀၀ ကို စုပေါင်းစိုက်ပျိုးပေးခဲ့သည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်စွာဝင်းနှင့် အဖွဲ့သည် အဆိုပါ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးပြီးနောက် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားသို့ တက်ရောက်လာကြသူများအား လက်ဖက်ရည်ကောက်ညှင်း ပေါင်းအကြာ်စုံတို့ဖြင့် တည့်ခင်းကျွေးမွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)