မိုင်းခုတ် ဇူလိုင် ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက်ပိုင်းက (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
(၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုဟောပြောပွဲကို မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်လှမြတ်ထွေးမှ (မမေ့နိုင်စရာ ၁၉ ဇူလိုင်) ဖြင့်လည်းကောင်း၊ အထက်တန်းပြဆရာမ ဒေါ်စိမ်းမြမြမျိုးမှ( အာဇာနည်နေ့တို့မမေ့) ခေါင်းစဉ်ဖြင့်လည်းကောင်း အာဇာနည်နေ့နှင့်ပက်သက်သည့် အကြောင်းအရာများကို အကျယ်တဝင့် ဟောပြောခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူစု စုပေါင်း(၂၈၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မိုင်းခုတ်မြို့(ပြန်/ဆက်)