နာဂဒေသ၊ လဟယ်မြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်း (၁/၂၀၂၅) ဖွင့်လှစ်

လဟယ် ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ယနေ့နံနက် (၁၀) နာရီအချိန်၊ လဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။

ဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးရှားဆက်က အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးပါသည်။ ထို့နောက် သင်တန်းအားစတင်ရာတွင် မြို့နယ်ဦးစီးအရှိက စာကြည့်တိုက်အမျိုးအစား၊စာစု/စာပြု/စာငှါးလုပ်ငန်းများ၊ မျိုးတူစုခွဲခြားခြင်းနှင့် မှတ်သားမှုစနစ်တို့ကို လည်းကောင်း၊

ဦးပါမင်းလိုင် (ဓါတ်ပုံကျမ်းကျင်-၂) က စာကြည့်တိုက်ရေရှည် တည်တံ့ခိုင်‌မြဲရေးအတွက် လုပ်ငန်စဉ်နှင့်ပတ်သက်၍လည်ကောင်း၊ ဒေါ်ခမ်းမွန် (ရုပ်သံ-၃)မှမျိုးတူစုပညာရပ်အလိုက် တိုက်ပိုင်စာရင်းရေးသွင်းနည်းတို့ကို စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ လဟယ်မြို့နယ်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရပ်ကျေးစာရေးဝန်ထမ်းများ၊ လဟယ်မြို့အထက်တန်းကျောင်းမှ စာကြည့်တိုက်တာဝန်ခံ ဆရာ/မများစုစုပေါင်း (၂၅) ဦးတက်ရောက်ပြီးဖြစ်ကြောင်း သိရပါသည်။

မြို့နယ် (ပြန်/ဆက်)