သံတောင်ကြီး ဇူလိုင် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းအဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းအနေနှင့် နှစ်ရှည်သီးနှံဖြစ်သည့် ဒူးရင်းသီးစိုက်ပျိုးလုပ်ကိုင်ခြင်းသည် တစ်ခုအပါအဝင်ဖြစ်၍ ယခုအချိန်တွင် ပေါ်ဦးပေါ်ဖျား ဒူးရင်းသီးများ စတင်ထွက်ရှိပြီး ဈေးကောင်းရရှိသည်။
သံတောင်ကြီးမြို့သည် ယခုမိုးရာသီကာလတွင် ဒူးရင်းသီးများ စတင်ထွက်ရှိပြီး ဈေးကောင်းများ ရရှိကြောင်း သိရသည်။ အဆိုပါ သံတောင်ကြီးဒေသထွက် ဒူးရင်းသီးများမှာ လူကြိုက်များ၍ နှစ်စဉ် ရောင်းဝယ်မှုများ အားကောင်းလျက်ရှိကြောင်းနှင့် ဒူးရင်းသီးများကို အလုံးအရွယ်အစားအလိုက် ဈေးနှုန်းများ ရရှိပြီး ယခင်နှစ် ဒူးရင်းသီး(၁)လုံးလျှင် ငွေကျပ် ၅၀၀၀ မှ ကျပ်၁၀၀၀၀ အထိသာ ရရှိ ပြီး ယခုနှစ်တွင် ဒူးရင်းသီး (၁)လုံးလျှင် ကျပ် ၇၀၀၀ မှ ကျပ် ၁၅၀၀၀ အထိရရှိကာ ဒူးရင်းသီးစိုက် တောင်သူများအတွက် အပိုဝင်ငွေရရှိပြီး စားဝတ်နေရေးအဆင်ပြေစေကြောင်း ဒူးရင်းသီးစိုက်တောင် သူတစ်ဦးထံက သိရသည်။
နော်နော်မူ (ပြန်/ဆက်)