ခန္တီးမြို့နယ်၌ နှစ်ရှည်သီးနှံပျိုးပင်များ ပေးအပ်ပွဲပြုလုပ်

ခန္တီး ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူးကျင်းပသော နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ပျိုးထောင်ထားရှိသော နှစ်ရှည်ပျိုးဥယျာဥ်မှ ပျိုးပင်များပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နှစ်ရှည်သီးနှံ(ပျိုးဥယျာဥ်) အိုးအိမ်ဝန်ထမ်းအိမ်ရာ တိုက်(၃)ရှေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ နှစ်ရှည်ပျိုးပင်ပေးအပ်တွင် ခရိုင်မြေစာရင်းဦးစီးဌာနခရိုင်ဦးစီးမှူး ဦးမြင့်ဆွေအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်တာဝန်ခံ ဦးမင်းမင်းဇော် က ပျိုးပင်များပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်စုစုခိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် တောင်သူများ သီးနှံစိုက်ပျိုးရေးကို အကျိုးရှိရှိစိုက်ပျိုးနိုင်ရေး၊ နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးနိုင်ရေး၊ လိုအပ်သည့် စိုက်နည်းစနစ်များကို မိမိတို့ဌာနက မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

ဆက်လက်ပြီးနှစ်ရည်သီးနှံပျိုးပင်များကို ခရိုင်/မြို့နယ်တာဝန်ရှိသူများက တောင်သူ ၂ဝ ဦးထံ ပေးအပ်ခဲ့သည်။ ယင်းနှစ်ရှည်သီးနှံပျိုးပင်များမှာ လက်ဖက်ပင် ၅၀၀၀ ပင်နှင့် ကော်ဖီပင် ၅၀၀၀ ပင် စုစုပေါင်း နှစ်ရှည်သီးနှံပျိုးပင် ၁၀၀၀၀ ပင် ပေးအပ်ပြီး အဆိုပါနှစ်ရှည်သီးနှံပင်သည် အရိပ် ၇၀ % ရရှိနိုင်သော နေရာများတွင် စိုက်ပျိုးနိုင်ပါကြောင်း လက်ဖက်သည် နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးပါက ရာသီအလိုက်ခူးစွက်၍ လက်ဖက်စို၊ လက်ဖက်ခြောက်ပြုလုပ်ပြီး စားသုံးနိုင်ပါကြောင်း ပိုလျှံပါက စနစ်တကျထုတ်ပိုး၍ ရောင်းချနိုင်ပါကြောင်း မိမိတို့ စားဝတ်နေရေး အဆင်ပြေနိုင်ပါကြောင်း၊ ကော်ဖီပင်အား နည်းစနစ်မှန်ကန်စွာ စိုက်ပျိုးထားရှိပါက ကော်ဖီစေ့များ ကောင်းစွာထွက်ရှိနိုင်၍ ကော်ဖီစေ့မှထုတ်လုပ်နိုင်သော ကော်ဖီမှုန့်များရရှိပြီး စနစ်တကျထုတ်လုပ်ပါက မိမိတို့မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးလာနိုင် ပါကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)