ရေဦးမြို့နယ်၌ အပူပိုင်း‌ဒေသ(၁၃) ခရိုင်စိမ်းလန်းစို‌ပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲဝောာ်ကျင်းပ

ရေဦး ဇူလိုင် ၁၁

အပူပိုင်းဒေသ(၁၃)ခရိုင် စိမ်းလန်းစိုပြေရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်ကို ယ‌နေ့နံနက် ၇ နာရီက စစ်ကိုင်းတိုင်းဒေသကြီး ရေဦးမြို့ ရွှေပြည်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၀င်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရေဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းသူရ၊ အဖွဲ့၀င်(၁) ဒုတိယဗိုလ်မှူးကြီး တင်အောင်သန်း၊ အဖွဲ့၀င်(၂)ဦးရဲနိုင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးရဲမှူးကြီး ကျော်ဇင်ထွန်း၊ သစ်ဝောာဦးစီးဌာနတာ၀န်ခံ ဦးစည်သူအောင်တို့က တာဝန်ရှိသူများထံ ပျိုးပင်များပေးအပ်ခဲ့ကြသည်။

ထို့နောက်တက်ရောက်လာသူများက ပျိုးပင်များကို သတ်မှတ်နေရာအသီးသီးတွင် ပျော်ပျော်ပါးပါး စုပေါင်းစိုက်ခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ကျွန်း (၈၀) ပင်၊ ခရေ (၈၀) ပင်၊ တပေဘူသ (၈၀) ပင်နှင့် ပိတောက် (၆၀) ပင် စုစုပေါင်းပျိုးပင် (၃၀၀)ပင် စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သန်းသန်း