ကျုံပျော်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း အခမ်းအနားပြုလုပ်
ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်ကာ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု တောင်သူ ဦးအောင်ဇော်ဝင်း၏ လယ်မြေသုံးဧက၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။