မိုင်းခတ်၌ စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များ အသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ(၁)နာရီအချိန်က မိုင်းခတ်မြို့၊‌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ စာဖတ်ပရိသတ်များထံ စာအုပ်များ ငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင်အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြခြင်း အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့တွင် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်သည့်စနစ် အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းအခမ်းအနားကိုဇူလိုင်လ ၁၁ ရက် မွန်းလွဲပိုင်းတွင်  စစ်ကိုင်းမြို့ နှစ် ၇၀၀ အားကစားကွင်း မိုးလုံလေလုံခန်းမ၌  ကျင်းပခဲ့သည်။ ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့   သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ရပ်စောက်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ‌အခြေခံပညာအထက်တန်းကျောင်း(ပင်ဖြစ်)၌ ကျင်းပပြုလုပ်သည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အတွင်းရှိ ကျောင်းသား/ ကျောင်းသူများ အာဇာနည်နေ့သမိုင်းကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ကြစေရန် ရည်ရွယ်၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အကြို ဟော​ပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိူင်လ ၈ ရက်နေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်၌ အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း အခမ်းအနားပြုလုပ်

ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနကဦးဆောင်ကာ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် အောင်နိုင်တိုးစပါးမျိုးသစ် မျိုးစေ့ထုတ်စိုက်ပျိုးခြင်း  အခမ်းအနားကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု တောင်သူ ဦးအောင်ဇော်ဝင်း၏  လယ်မြေသုံးဧက၌ ယနေ့နံနက် ၈ နာရီက ပြုလုပ်သည်။

ပလောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး Book Club အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်၊ လူရွယ်များ စာဖတ်သည့် အလေ့အကျင့်များရရှိစေရန်နှင့် စာပေဝါသနာပါသူအချင်းချင်း ရင်းနှီးစေရန်အတွက် Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ စာရေးဆရာ ဦးတင်ဦး(ကျူရှင်) ရေးသားသော ပညာတတ်ခြင်း၊ မတတ်ခြင်းနှင့် အခြားဆောင်းပါးများ စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့ဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တပ်ကုန်းမြို့၌ ငလျင်ဘေးကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး အသစ်ပြန်လည်တည်ဆောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ်တွင် မတ်လ ၂၈ ရက် မန္တလေးမြေငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပျက်စီးခဲ့သည့် မြို့နယ်ဗုဒ္ဓသာသနာပြုဗိမာန်တော်ကြီး ပြန်လည်အသစ်တည်ဆောက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် နံနက်ပိုင်းက အဆိုပါဗိမာန်တော်ကြီးဝင်းတွင် ကျင်းပခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ် ကိုးပင်မူလတန်းကြိုကျောင်း (၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ကိုးပင်မူလတန်းကြိုကျောင်း (၃)ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ဝါဆိုပန်းများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဝေဠုဝန်မစိုးရိမ် ကျောင်းတိုက်၌ ကျင်းပပြုလုပ်လှူဒါန်းခဲ့သည်။
Subscribe to