ပျော်ဘွယ် ဇူလိုင် ၁၅
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယနေ့နံနက်(၉) နာရီက အခြေခံပညာအထက်တန်းကျောင်းခွဲ(ရွှေပြည်ရန်နိုင်)တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဉ်နွဲ့က ဟောပြောသည့်အကြောင်းအရာများကို သေချာစွာ လေ့လာမှတ်သားနိုင်ရေးကို ဆွေးနွေးပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းအရာများ၊ နေ့ထူးနေ့မြတ်တို့ကို လေးစားတန်ဖိုးထားတတ်စေရေးအကြောင်းအရာများကို ဆွေးနွေး ဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အာဇာနည်နေ့အထိမ်းအမှတ်နှင့် ဗဟုသုတရဖွယ်ရာအသိပညာနံရံကပ် စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)