ညောင်ဦးခရိုင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ စိစစ်အတည်ပြုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ညောင်ဦး  ဇူလိုင်  ၁၅

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများ စိစစ်အတည်ပြုရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီက လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုကအဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ရေးကော်မတီအတွင်းရေးမှူး ဦးစံထွေးမောင်က ၂၀၂၆- ၂၀၂၇ ဘဏ္ဍာရေးနှစ် အဆိုပြုလုပ်ငန်းစီမံကိန်းများအပေါ် ရှင်းလင်းတင်ပြသည်။ ထို့နောက် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန-ပုဂံဌာနခွဲ၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်မန်နေဂျာရုံး၊ ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ခရိုင်လမ်းဉီးစီးဌာန၊ ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦး စီးဌာန၊ခရိုင်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန-(ရေအရင်းမြစ်)၊ ခရိုင်မီးသတ်ဦးစီးဌာန၊ခရိုင်အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာန၊ ခရိုင်ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန၊ ခရိုင်အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်စည်ပင်သာအဖွဲ့၊ အမှုဆောင်အရာရှိတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက်ရှင်းလင်း ဆွေးနွေးတင်ပြသည်။ ထို့နောက် ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌတို့မှ သက်ဆိုင်ရာဌာနဆိုင်ရာများမှတင်ပြလာသည့် လုပ်ငန်းများကိုစိစစ်ပြီး  တိုင်းဒေသကြီးသို့ ဆက်လက်တင်ပြသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်းတင့်၊ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဒီပါလင်း