ပိုင်ကျုံမြို့ရှိ အခြေခံပညာကျောင်းများ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး

ပိုင်ကျုံ  ဇူလိုင်   ၁၅

ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်​နေ့အထိမ်းအမှတ် အသိပညာ​ပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဇူလိုင် ၁ရက်က  အ-မ-က ရသေ့ကုန်းနှင့်ဘုရားကုန်းကျောင်းတို့ကွင်းဆင်းဆောင်ရွက်သည်။

ဟောပြောပွဲတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ကြီးများအား လုပ်ကြံခံရပုံ၊ အာဇာနည်ကြီးများတို့၏ အသက်သွေးများဖြင့် ရယူခဲ့သည့်လွတ်လပ်ရေးကို ဝိုင်းဝန်းထိန်းသိမ်းရမည့်အကြောင်းနှင့် ကျောင်းသားလူငယ်များအနေဖြင့် အနာဂတ်တွင်လူတော်လူကောင်းဖြစ်လာအောင် ကြိုးစားဆောင်ရွက်ရန်လိုအပ်ကြောင်း   အသိပညာပေးဆွေးနွေးသည်။

ထိုကျောင်းများ၌ ကျောင်းအုပ်ဆရာမကြီး ဦး‌ဆောင်မှု၍ ဆရာ၊ ဆရာမများ ပူးပေါင်းကာ ကျောင်းသား လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုး တက်စေရေးအတွက် ပြိုင်ပွဲများ လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)