လှိုင်သာယာ ဇူလိုင် ၁၅
ကျောင်းသား/ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်၊ အပြောစွမ်းရည်များ မြင့်မားတိုးတက်စေရန်နှင့် စာဖတ်ရှိန်တိုးတက်မြင့်မားစေရန်ရည်ရွယ်၍ ဟောပြောပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Communiity Centre) ခန်းမတွင် ပြုလုပ်သည်။
အခမ်းအနားသို့ မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိ ဦးမြင့်ဇော်၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ ဦးစိုးမိုးသိမ်းနှင့် စာရေးဆရာများ၊ ဆရာ၊ ဆရာမများ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်ဇော်က ကျပန်းစကားပြောပြိုင်ပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ပြောကြားသည်။
ထို့နောက် စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌ စာရေးဆရာ ဦးစိုးမိုးသိန်းက ကျပန်းစကားပြောပြိုင်ပွဲနှင့် ပတ်သက်သည့် အသိပညာပေးသိကောင်းစရာများကို ဟောပြောခြင်း၊ စာရေးဆရာ ဦးခင်မောင်နိုင် (ဝေဒ) က အမှတ်ပေးစည်မျဥ်းများအား ရှင်းလင်းပြောကြားသည်။
ယင်းနောက် ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့က ကျရာခေါင်းစဥ်များဖြင့် ပြိုင်ပွဲဝင်ကြပြီး၊ ပြိုင်ပွဲ၌ ပ၊ ဒု၊ တ ဆုရရှိကြသည့် ကျောင်းသား/ ကျောင်းသူများအား ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြကြောင်း သတင်းရှိသည်။
မြို့နယ် (ပြန်/ဆက်)