လှိုင်သာယာ(အနောက်) ဇူလိုင် ၁၅
ယာဥ်အန္တရာယ်ဖြစ်ပွားမှုလျော့နည်းစေရန်နှင့် ယာဥ်ကြောများပိတ်ဆို့မှုမရှိစေရန် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းစစ်ဆေးခြင်းများကို ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း)၊ အမှတ်(၈)အ.ထ.က ကျောင်းရှေ့တွင် ကွင်းဆင်းဆောင်ရွက်ကြသည်။
အဆိုပါပြုလုပ်ဆောင်ရွက်ခြင်းကို တပ်ဖွဲ့စုတပ်ဖွဲ့ဝင်များသည် ယာဥ်အန္တရာယ်မဖြစ်ပွားစေရန် ကျောင်းသား၊ ကျောင်းသူများ ကျောင်းအတက်၊ အဆင်းများတွင် ယာဥ်ကြောပိတ်ဆို့မှုမရှိစေရန်နှင့်ယာဥ်အန္တရာယ် လျော့ကျနိုင်စေရန် မော်တော်ယာဥ်များကိုစစ်ဆေးခြင်းများပြုလုပ်ကာ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းများ ဆောင်ရန်၊ ရှောင်ရန်အသိပညာပေးခြင်းများကို အရှိန်အဟုန်မြှင့်ကာ နေ့စဥ်ပြုလုပ်ဆောင်ရွက်ကြပြီး ကုန်တင်ယာဥ်များကို ခေါင်မိုးဖွင့်မောင်းနှင်စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လက်ကမ်းးစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)