စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုး ပေးအပ်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း ဇူလိုင် ၁

စစ်ကိုင်းမြို့တွင် ငလျင်ဘေးသင့်ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုး ပေးအပ်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းက စစ်ကိုင်းမြို့၊ နှစ်(၇၀၀)အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံက အဖွင့်အမှာစကားပြောကြားပြီး ငလျင်ဒဏ်ခံစားခဲ့ရသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်(၉၉၅)ဦးအတွက် ကျပ်ငွေ (၇၇,၉၀၈,၅၀၀)အား တာဝန်ရှိသူများထံ ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးညွှန့်ဝင်းအောင်က ငလျင်ဒဏ်ခံစားခဲ့ရသည့် ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ သာသနာရေးမှူးရုံးမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင်(၅၈၂)ဦးအတွက် ကျပ်ငွေ(၄၅,၅၇၀,၆၀၀)အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက ငလျင်ဒဏ်ခံစားခဲ့ရသည့် မြေစာရင်းဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၂၀၈)ဦးအတွက် ကျပ်ငွေ(၁၆,၂၈၆,၄၀၀)အားလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်က ငလျင်ဒဏ်ခံစားခဲ့ရသည့် စည်ပင်သာယာရေးအဖွဲ့၊ လမ်းဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၂၈၅)ဦးအတွက် ကျပ်ငွေ(၂၂,၃၁၅,၅၀၀)အား လည်းကောင်း၊ စစ်ကိုင်းခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က ကျန်ရှိသည့် ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင် (၃၉၃၇)ဦးအတွက် ကျပ်ငွေ (၃၀၈,၂၆၇,၁၀၀)အား လည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

ယနေ့ကျင်းပပြုလုပ်သော ငလျင်ဘေးသင့် ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များအား စားရေရိက္ခာ(၅)မျိုးပေးအပ်ပွဲအခမ်းအနားတွင် စစ်ကိုင်းမြို့ရှိဝန်ထမ်းနှင့် မှီခိုမိသားစုဝင် (၆၀၀၇)ဦးအတွက် ကျပ်ငွေ (၄၇၀,၃၄၈,၁၀၀)ကျပ်အား ပေးအပ်ခဲ့ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)