ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ‌ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုက်ထို ဇူလိုင် ၁၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် စားသောက်ဆိုင်များ ကျန်းမာရေးနှင့်အညီဘေးအန္တရာယ်ကင်းရှင်း‌ရေး စစ်ဆေးခြင်းလုပ်ငန်းကို ဇူလိုင် ၁၆ ရက် နံနက်ပိုင်းက မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များအား ကွင်းဆင်းစစ်‌ဆေးဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ၀န်ထမ်းများနှင့် ပူး‌ပေါင်းအဖွဲ့သည် ကျိုက်ထိုမြို့နယ်အတွင်း၌ အစားအသောက်များရောင်းချလျက်ရှိသော စားသောက်ဆိုင်များအား ကျန်းမာရေးနှင့်အညီ‌ဆောင်ရွက်ထားရှိမှု ရှိ/မရှိ၊ ရက်လွန်အစားအစာများ ရောင်းချမှု ရှိ/မရှိ၊ သန့်ရှင်းလတ်ဆတ်မှုရှိ/မရှိ  စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ စျေးကွက်အတွင်း ကွင်းဆင်းသွားရောက်စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်မင်းနှင့်ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့၊ ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာန၊ ရပ်ကွက်‌/ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

ဝင်းမောင်(ကျိုက်ထို)