ကျောက်တလုံးကြီး ဇူလိုင် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကျောက်တလုံးကြီး မြို့ဦးစီးမှူး ဒေါ်သန္တာဝင်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိစသည်တို့ကို အသိပညာပေးဟောပြော၍ အ.ထ.က ကျောက်တလုံးကြီး ကျောင်းသား/သူများက ပန်းချီ၊ စာစီစာကုံးပြိုင်ပွဲများသို့ အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြပြီး အသိပညာပေးနံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် အခြေခံပညာအထက်တန်းကျောင်း၊ ကျောက်တလုံးကြီးမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးလွင်က ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်းနှင့် ကျောက်တလုံးကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ်အကြောင်းအရာများကို ကျောင်းသား/သူလူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲ၊ ပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်နိုင်လင်း