ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၅၀)ဦးအား သွားနှင့်ခံတွင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ သွားနှင့်ခံတွင်းရောဂါများကင်းဝေးစေရန်ရည်ရွယ်၍ After Lunch tooth brushing activity (နေ့လည်စာစားပြီး သွားတိုက်ခြင်း) လှုပ်ရှားမှုအစီအစဉ်ကို ဇူလိုင်လ ၁၅ ရက်နေ့နံနက် ၉ နာရီမှစတင်ကာ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် လေးထောင့်ကန်ရပ်ကွက်ရှိ သီရိမင်္ဂလာရွှေဘုံဦး ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် ဆောင်ရွက်ကြကြောင်း သိရသည်။