လယ်ဝေး ဇူလိုင် ၁၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အခွန်ဦးစီးဌာနမှ အခွန်ဝန်ထမ်းပြည်သူများအား ပြေစာအမှတ်တံဆိပ်ဆိုင်ရာ သိမှတ်ဖွယ်ရာများနှင့် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အခွန်ဦးစီးမှူးဦးထွန်းလင်းထွဋ်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တည်ဆဲဥပဒေများအရ လိုက်နာဆောင်ရွက်သွားမည့်ကိစ္စနှင့်စပ်လျဉ်း၍ အခွန်ဆိုင်ရာသိမှတ်ဖွယ်ရာများနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)