ကန့်ဘလူ ဇူလိုင် ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့၊ အခြေခံပညာအထက်တန်းကျောင်း ဒေါက်တာ ဉာဏဝရခန်းမ၌ ကျောင်းသား၊ ကျောင်းသူများ နေ့ထူးနေ့မြတ်များနှင့် အာဇာနည်နေ့ကို အမှတ်ရသိရှိစေရန်ရည်ရွယ်၍ ယမန်နေ့နံနက် ၁၁ နာရီက (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(ခွဲ)ညောင်အိုင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ညွန့်ညွန့်ဝင်းက အဖွင့်အ မှာစကားပြောကြားပြီး အလယ်တန်းပြဆရာကြီး ဦးကျော်မင်းထွန်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်တို့က အာဇာနည်နေ့ အကြောင်းသိကောင်းစရာများ၊ လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းကြောင်းများစသည့် အကြောင်း အရာများနှင့် စာများများဖတ်ကြရန်နှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောကြသည်။
ယင်းနောက် ဟောပြောပွဲအပြီးတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းမှတ်တမ်းများ၊ လွတ်လပ်ရေးဗိသုကာ ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နှုတ်ချက်များ၊ ရှားပါးဓာတ်ပုံများ၊ အသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း