ကြံခင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြစ်ရေဝင်ရောက်လေ့ရှိသည့် ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းကမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်က အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုက မြစ်ရေ ဝင်ရောက်လေ့ရှိသည့်ကျေးရွာများသို့ တိရစ္ဆာန်အစာနုအိတ်များ ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသောင်းထွဋ်လွင်၊အတွင်းရေးမှူး ရဲမှူးကြည်စိုးနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာဝင်းကိုတို့က တိရစ္ဆာန်အစာနုအိတ် စုစုပေါင်း (၅၀)အိတ်အား မြစ်ရေဝင်ရောက်လေ့ရှိသည့် ဆုံလဲအုပ်စုကျွန်းကြီး ကျေးရွာအတွက် အိတ်(၃၀)၊ ရေလယ်ကျွန်းကျေးရွာအုပ်စုအတွက် (၁၀) အိတ်နှင့် မြို့မရပ်ကွက်အလယ်ကျွန်းကျေးရွာအတွက် (၁၀)အိတ်တို့ကို ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများထံ အသီးသီးပေးအပ်ခဲ့ကြသည်။ အဆိုပါပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဖြိုးဝေလင်း