သာစည်မြို့၌ ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင်အတွင်းရှိ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးရောင်းချမှု ရှိ/မရှိ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့အား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဖောင်းပြင်မြို့တွင် အသိပညာ‌ပေး ဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊နံ ရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကျင်းပ

ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌ခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့နံနက်(၁၀)နာရီအချိန်က အသိပညာ‌ပေးဟောပြောပွဲ ၊စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြော ကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၏ အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ်ဗုဒ္ဓဟူးနေ့ရက် နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံ၊ လူနာစောင့်များ နားနေဆောင်၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

ပုဗ္ဗသီရိမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အာဇာနည်နေ့ကို အစဥ်အမြဲသတိရရှိစေရန်ရည်ရွယ်၍ ယနေ့ နေ့လယ်ပိုင်းတွင် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

သနပ်ပင်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်) တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး e-Government လုပ်ငန်းများ ပိုမိုပြီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ပြေးအစီအမံလုပ် ငန်းများဖြစ်သည့် Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းအစီအစဉ်များအပေါ် ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

သဲကုန်းမြို့နယ် (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယ​မန်နေ့ နံနက် (၁၀) နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုင်းဆတ်-တာချီလိတ်လမ်း နမ့်ကျန်းတံတား၊ တံတားချဉ်းကပ်လမ်းပြိုကျပျက်စီးခဲ့သဖြင့် ဖြတ်သန်းသွားလာမှု ခေတ္တယာယီပိတ်ထားခဲ့ရာ အမြန်ဖြတ်သန်းသွားလာနိုင်ရေး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းဆတ်မြို့၌  မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က မိုင်းဆတ်-တာချီလိတ်သွားကားလမ်းပေါ်ရှိ နမ့်ကျန်းတံတားတာဘောင်ရေတိုက်စားမှုကြောင့် တံတားချဉ်းကပ်လမ်း၊ မိုင်းဆတ်ဘက်ခြမ်းပြိုကျပျက်စီးခဲ့သဖြင့် အဆိုပါလမ်းအား ဖြတ်သန်းသွားလာမှု ခေတ္တယာယီပိတ်ထားခဲ့ရာ အမြန်ဖြတ်သန်းသွားလာနိုင်ရေး တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲများ ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက အ.မ.က (မြောက်ကျောင်း) မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။

ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူးဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။
Subscribe to