သာစည်မြို့၌ ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

သာစည် ဇူလိုင် ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင်အတွင်းရှိ ပိုးသတ်ဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များတွင် တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးရောင်းချမှု ရှိ/မရှိ၊ စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့အား ယနေ့နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဌေးဌေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးကိုကိုကျော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဝင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဒေါ်ဖြူဖြူထွန်း၊  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက သာစည်မြို့နယ်အတွင်းရှိ ပိုးသတ်ဆေးနှင့်ဓာတ်မြေဩဇာ အရောင်းဆိုင်များ တရားမဝင်ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးရောင်းချမှု ရှိ/မရှိ၊ သက်ဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)