ဖောင်းပြင် ဇူလိုင် ၁၇
ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဇူလိုင်လ(၁၅)ရက်နေ့နံနက်(၁၀)နာရီအချိန်က အသိပညာပေးဟောပြောပွဲ ၊စာစီစာကုံးပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးစာဖတ်ခြင်းမှ ရရှိသောအကျိုးကျေးဇူးများအကြောင်းကို ဟောပြောကာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာမဒေါ်ဌေးကြည်က မိုးရာသီတွင်အဖြစ်များသော ရာသီတုပ်ကွေးရောဂါအကြောင်း အသိပညာပေးဟောပြောသည်။
ထို့နောက် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပြိင်ကိုကျင်းပရာ ၇၈နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အကြိုအဖြစ် " ၁၉ဇူလိုင်မမေ့နိုင် " ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၄၅)ဦး ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲအပြီးတွင် ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့်နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြခန်းများကို ကျောင်းသား၊ ကျောင်းသူများက စိတ်၀င်တစားကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)