ကျိုင်းတုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ဘာသာရပ်ပေါင်းစုံ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲကို ယနေ့တွင် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
ဗိုလ်လုပွဲစဉ်တွင် သိပ္ပံညွှန်ပေါင်းအသင်းနှင့် ဝိဇ္ဇာညွှန်ပေါင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ဝိဇ္ဇာညွှန်ပေါင်းအသင်းက ၂ ဂိုး ၁ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင်ပွဲကျင်းပရာ ကျိုင်းတုံတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာဖြူဖြူမြင့် နှင့် တာဝန်ရှိသူများက ပွဲစဉ်အလိုက်အကောင်းဆုံကစားသမားဆု၊ နေရာအလိုက် အကောင်းဆုံးကစားသမားဆု၊ ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိကြသည့် ပြိုင်ပွဲဝင်အသင်းများအား ဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားများ အသီးသီးပေးအပ်ချီးမြှင်းခဲ့ကြောင်း သိရသည်။
အဆိုပါဘောလုံးပြိုင်ပွဲကို ကျိုင်းတုံတက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းများက ယှဉ်ပြိုင်ကစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)