မိုင်းဖြတ်မြို့နယ်၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

မိုင်းဖြတ် ဇူလိုင် ၁၈  

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့သမိုင်းဝင်နေ့ထူနေ့မြတ်များကိုသိရှိနားလည်စေရန်၊ အမြတ်တနိုးတန်ဖိုးထား‌၍ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဝင်းခိုင်က မြန်မာနိုင်ငံတွင်နေ့ထူးနေ့မြတ်များများစွာရှိကြောင်း၊ ထိုနေ့ထူးနေ့မြတ်များမှ အာဇာနည်နေ့သည့် မြန်မာပြည်သူပြည်သားတို့အတွက် ဝမ်းနည်းကြေကွဲရသည့်နေ့တစ်နေ့ဖြစ်ကြောင်း၊ အာဇာနည်များသည် လူမျိုးဘာသာမရွေး တိုင်းပြည်အကျိုးအတွက် စည်းလုံးခဲ့ကြကြောင်း၊ အာဇာနည်နေ့ကို မမေ့သင့်ခြင်းသည် မျိုးဆက်သစ်တို့၏တာဝန်ဖြစ်ကြောင်း၊ သမိုင်းကိုမှတ်သားခြင်းသည် အနာဂတ်ကိုပိုမိုတန်ဖိုးရှိအောင် ဖန်တီးပေးနိုင်ခြင်းဖြစ်​ကြောင်းစသဖြင့် အာဇာနည်နေ့အကြောင်း သိကောင်းစရာများကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိလိုသည့်အချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ  ဦးစီးအရာရှိက ပြန်လည်ဆွေးနွေးဖြေကြားပေးခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)