တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်သတင်းစာဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပ

တောင်ဥက္ကလာပ  ဇူလိုင် ၁၈

မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ် သတင်းစာဆရာအသင်း ပြန်လည်ဖွဲ့စည်းခြင်းအခမ်းအနားကို ဇူလိုင်လ ၁၃ ရက်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး Community Centre ၌ ပြုလုပ်ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း ရန်ကုန်တိုင်းဒေသကြီးမှ နာယက ဦးခင်မောင်မြင့်၊ ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းဥက္ကဋ္ဌ ဦးထွန်းရင်တို့က မြို့နယ်သတင်းစာဆရာအသင်း ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍တောင်ဥက္ကလာပမြို့နယ် သတင်းစာဆရာအသင်းနာယက ဦးခင်‌မောင်အေး (K.M.A)၊ ကြို့ပင်ကောက်တင်‌မောင်ဦး၊ အောင်ကြည်ညွှန့်(တက္ကသိုလ်)တို့က မြို့နယ်သတင်း စာဆရာအသင်းဖွဲ့စည်းခြင်းနှင့် ပတ်သက်ပြီး အသီးသီးအမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်သတင်းစာဆရာအသင်း ဖွဲ့စည်းရသည့်အကြောင်းရင်းကို မြို့နယ်သတင်းစာဆရာအသင်း အတွင်းရေးမှူး ဦးညွန့်မင်းကရှင်းပြပြီး မြို့နယ်သတင်းစာဆရာအသင်းဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ အမည်ကြေညာ၍ ဖွဲ့စည်းပြီးကြောင်း ကြေညာခဲ့ပါသည်။

တောင်ဥက္ကလာပမြို့နယ် သတင်းစာဆရာအသင်းအလုပ်အမှုဆောင်များက ကတိသစ္စာပြုဆောင်ရွက်ခဲ့ကြပြီး မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌ  မီးအိမ်ရှင်ဒေါက်တာ နိုက်တင်ဂေးလ်က ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းအား အလှူငွေကျပ်(၂)သိန်း၊ မြို့နယ် သတင်းစာဆရာအသင်းအား အလှူငွေကျပ်(၁)သိန်းလှူဒါန်းခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင်မှူးက မုဒိတာစကားပြောကြားခြင်း၊  မြို့နယ်သတင်းစာဆရာအသင်းဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

မြို့နယ်(ပြန်/ဆက်)