သာကေတမြို့နယ် အခွန်ထမ်းပြည်သူများအား အခွန်ထမ်းဆောင် အသိပညာပေး ရှင်းလင်းပွဲ ကျင်းပ

သာကေတ ဇူလိူင် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  သာကေတမြို့နယ် သီရိမေမင်္ဂလာခန်းမ၌ အခွန်ထမ်းပြည်သူများအား အခွန်ထမ်းဆောင် အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၁၀:၀၀)ချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ သာကေတမြို့နယ်  အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သာကေတမြို့နယ် အခွန်ဦးစီးဌာနမှူး ဦးထွန်းမင်းလတ်က အခွန်အကြောင်းသိကောင်းစရာများအကြောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် သာကေတမြို့နယ် အခွန်ကောက်ခံမှုအထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက လိုအပ်သည့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ဖြည့်စွက်ပြောကြားခဲ့ပြီး ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသော အခွန်အကြောင်းသိကောင်းစရာများ လက်ကမ်းစာစောင်နှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ လက်ကမ်းစာစောင်တို့ကို ဖြန့်ဝေခဲ့ပြီးအခမ်းနားကို ၁၁:၄၅ တွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

သာကေတ(ပြန်/ဆက်)