မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်သို့တက်ရောက်

မကွေးတိုင်းဒေသကြီး ကျောင်းစာကြည့်တိုက်များ၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး မကွေးမြို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ နယ်မြေခံတပ်နယ်မှ  ဗိုလ်ချုပ်သိန်းထွန်းဦး၊ တရားလွတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး/ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

မြစ်သားမြို့နယ်တွင် (၁၄)ကြိမ်မြောက် ပါဠိပထမပြန်စာမေးပွဲအောင် သံဃာတော်များအား ဆုပေးပွဲ အခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် (၁၄)ကြိမ်မြောက် ၂၀၂၅ ခုနှစ် ပါဠိပထပြန်စာမေးပွဲအောင်သံဃာတော်များအား ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၂)နာရီအချိန်က ရွှေကွမ်းတောင်ဘုရားဓမ္မာရုံအတွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။        

ချောက်မြို့၌ (၇၈)နှစ်​မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပပြုလုပ်

မ​ကွေးတိုင်း​ဒေသကြီး၊​ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ (၇၈)နှစ်မြောက် အာဇာနည်​နေ့အထိမ်းအမှတ် ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၁)နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမနှင့် ကလေးစာဖတ်ခန်းတို့တွင် ကျင်းပခဲ့သည်။

လှည်းကူးမြို့နယ်၊ အခြေခံပညာမူလတန်းလွန်ကျောင်း (သီတာအေး)၌ ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၌ မြို့နယ်ကုသရေးဌာနမှ သွားဘက်ဆိုင်ရာ ဆရာဝန်နှင့် မြို့နယ်ကျောင်းကျန်းမာရေးဌာနမှ ကျန်းမာရေးမှူးတို့ ပူးပေါင်း၍ အခြေခံပညာ မူလတန်းလွန်ကျောင်း(သီတာအေး)ရှိ ကျောင်းသား၊ ကျောင်းသူများအား ယမန်နေ့ နံနက် ပိုင်းက ကျောင်းကျန်းမာရေးလုပ်ငန်းများ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇီးကုန်းမြို့နယ်တွင် (၇၈)နှစ်မြောက်အာဇာနည်နေ့ဝမ်းနည်းခြင်းအထိမ်းအမှတ် မီးသတ်တပ်ဖွဲ့စခန်းများက ဥဩဆွဲခြင်းနှင့် အလေးပြုခြင်းများပြုလုပ်

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်(စနေနေ့)တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်းနှစ်ခုမှ  နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က ဥဩဆွဲခြင်းနှင့်အလေးပြုခြင်းများ   တစ်ပြိုင်တည်းပြုလုပ်ဆောင်ရွက်ခဲ့သည်။

မိုင်းရယ်မြို့ လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့၌ (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဇူလိုင်လ(၁၉)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ငရုတ်ကောင်းမြို့ (အ.ထ.က)ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ဝါသီးနှံ တိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအရ ဝါသီးနှံမျိုးစေ့နှင့်ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ နေကြာသီနှံမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဝါသီးနှံတိုးချဲ့စိုက်ပျိုးရေး စီမံကိန်းအရ ဝါသီးနှံမျိုးစေ့နှင့် ဆီထွက်သီးနှံ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအရ နေကြာသီနှံမျိုးစေ့များ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခြင်း အခမ်အနားကို ယမန်နေ့ နံနက်(၁၁)နာရီက စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်း စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်းအတွင်း ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်‌ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပထမအကြိမ် ဓနုတိုင်းရင်းသားလူငယ်‌ရေးရာဖလားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကမ္ဘားနီကျေးရွာအားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အမျိုးသားဘောလုံးပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ယာယီတာဝန်ထမ်းဆောင်လျက်ရှိသော သံတွဲခရိုင်အတွင်းရှိ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုပတ်လည်ပြိုင်များ ယှဉ်ပြိုင်နေမှုကို တက်ရောက်ကြည့်ရှု အားပေးကြသည်။
Subscribe to