ဇီးကုန်း ဇူလိုင် ၁၉
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၉ ရက်(စနေနေ့)တွင် ကျရောက်သည့် (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ရှိ မီးသတ်တပ်ဖွဲ့စခန်းနှစ်ခုမှ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်က ဥဩဆွဲခြင်းနှင့်အလေးပြုခြင်းများ တစ်ပြိုင်တည်းပြုလုပ်ဆောင်ရွက်ခဲ့သည်။
အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးသန်းနိုင်ဦး၏ ကြီးကြပ်မှုဖြင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးလေပြီသောအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုတစ်မိနစ်ငြိမ်သက်ခြင်းနှင့် မီးသတ်ကားဥဩဆွဲခြင်းများဆောင်ရွက်ခဲ့ကြပြီး လမ်းသွားလမ်းလာ ပြည်သူများကလည်း ရောက်ရှိသည့်နေရာ၌ ရပ်တန့်အလေးပြုခဲ့ကြသည်။
ထိုကဲ့သို့ ဝမ်းနည်းခြင်းအထိမ်းအမှတ် ဥဩစွဲခြင်း၊ အလေးပြုခြင်းများဆောင်ရွက်ခြင်းအပြင် မြို့နယ်အတွင်းရှိအစိုးရဌာနဆိုင်ရာရုံးဌာနများတွင်လည်း ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံကို တိုင်တစ်ဝက်လွှင့်ထူခြင်းတို့ကိုလည်း ပြုလုပ်ဆောင်ရွက်ထားကြကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)